ကော်ဖီနှင့်သင့်ကျန်းမာရေး

ကော်ဖီနှင့်သင့်ကျန်းမာရေး
၁။ ကော်ဖီဟာ မှတ်ဉာဏ်ကောင်းစေပြီး ဦးနှောက်ကို ကျန်းမာစေပါတယ်။ အယ်လ်ဇိုင်းမားလ် ရောဂါဖြစ်ပွားမှုကိုလည်း ဟန့်တားနိုင်ပါတယ်။
၂။ ကော်ဖီရဲ့ ရနံ့သင်းသင်းလေးက စိတ်အပန်းပြေကိုစေပြီး အခြားအနံတွေကို အနံခံအာရုံထဲကနေရှင်းထုတ်နိုင်လို့ ရေမွှေးအရောင်းဆိုင်တွေမှာ တစ်မျိုး နဲ့ တစ်မျိုး ရနံ့မရောအောင် ကော်ဖီရနံ့ရှုပြီးမှ နောက်တစ်မျိုးကို စမ်းကြပါတယ်။
၃။ ကော်ဖီကိုသောက်တဲ့သူတွေဟာ ပျော်ရွှင်ကြပါတယ်။ ကော်ဖီမှာ စိတ်ခံစားမှု မကောင်းတာကို ဆန့်ကျင်တိုက်ခိုက်ပေးတဲ့ ဂုဏ်သတ္တိတွေပါဝင်ပြီး စိတ်ကျရောဂါကို ကုသပေးနိုင်ပါတယ်။
၄။ ဟားဗက်တက္ကသိုလ်နဲ့ အမေရိကန်ပြည်ထောင်စု အမျိုးသား ကျန်းမာရေး အင်စတီကျုစ့်တို့ရဲ့ လေ့လာမှုအရ တစ်နေ့ကို ကော်ဖီ ၄ ခွက် (သို့) ၄ ခွက်ထက်ပို သောက်တဲ့အမျိုးသမီးတွေဟာ စိတ်ကျရောဂါဖြစ်ပွားမှုကို ၁၀ % ကနေ ၂၀ % အထိ ကျဆင်းစေတယ်လို့ဆိုပါတယ်။
၅။ Antioxidant က ဆဲလ်တွေ ပျက်ဆီးတာကို တားဆီးပေးပြီး အိုမင်းရင့်ရော်မှုကို တားဆီးပေးနိုင်ပါတယ်။ ဒါ့အပြင် ဗိုင်းရပ်ပိုးတွေ ၀င်ရောက်ခြင်းကနေလည်း ကာကွယ် ပေးနိုင်ပြီးတော့ အသီးအရွက်တွေထက် ကော်ဖီမှာ Antioxidant ပါဝင်မှု ပိုများပါတယ်။

- Kaung Chit Soe