၂၀၂၀ ဖေဖဝါရီလအတွင်း ၂၀၀၀၀ ဖိုးနှင့်အထက် ဝယ်ယူပြီး Deliecery Free အစီအစဉ်ကိုရယူလိုက်ပါ။

မျက်နှာပေါင်းတင်နည်း (၁၀) မျိုး

RSS
မျက်နှာပေါင်းတင်နည်း (၁၀) မျိုး
ဒီအပတ်ပြောပြပေးမှာကတော့ ပျိုမေလေးတို့ မျက်နှာအလှအပ အတွက် တစ်ပတ်တစ်ခါ ပြုလုပ်ပေးသင့်တဲ့ မျက်နှာပေါင်းတင်နည်း ၁၀ မျိုး ကို အသားအရေအမျိုးအစား အလိုက် ပြောပြပေးပါ့မယ်ရှင့်

စိုပြေလှပသော မျက်နှာအသားအရေလေး ရရှိစေရန် ပေါင်းတင်နည်း

ခရမ်းချဉ်သီး (၁)လုံး + နွားနို့ (၂)ဇွန်း ကို ရောဖျော်ပြီး မျက်နှာပေါ်လိမ်းပေးပါ ။၁၀ မိနစ်ခန့် ကြာသော်အခါ ရေနွေးနွေး လေးဖြင့် ဆေးကြောပေးပါ ။ အိပ်ရာ မဝင်ခင် ပြုလုပ်ပေးပါက မနက်ခင်းအိပ်ရာထချိန်တွင် စိုပြေလှပသော အသားအရေကို ရရှိပိုင်ဆိုင်စေမှာပါ။

ဝက်ခြံရှိသော မျက်နှာအသားအရေအတွက် ပေါင်းတင်နည်း

ကြက်ဥ အကာ သီးသန့် (၁)လုံး + လီမွန် (၂)ဇွန်း + ပျားရည် (၂) ဇွန်း ကို ရောဖျော်ပြီး မျက်နှာပေါ်လိမ်းပေးပါ။၁၀ မိနစ်ခန့် ကြာသော်အခါ ရေနွေးနွေး လေးဖြင့် ဆေးကြောပေးပါ ။

ဝက်ခြံ အမဲစက် ရှိသော မျက်နှာအသားအရေအတွက် ပေါင်းတင်နည်း

သစ်ဂျပိုးခေါက် (၁)ဇွန်း + ပျားရည် (၂)ဇွန်း ကို ရောဖျော်ပြီး မျက်နှာပေါ်လိမ်းပေးပါ။၁၀ မိနစ်ခန့် ကြာသော်အခါ ရေနွေးနွေး လေးဖြင့် ဆေးကြောပေးပါ ။

မွဲခြောက်သော မျက်နှာအသားအရေအတွက် ပေါင်းတင်နည်း

ကော်ဖီ (၂)ဇွန်း + ပျားရည် (၂)ဇွန်း ကို ရောဖျော်ပြီး မျက်နှာပေါ်လိမ်းပေးပါ။၁၀ မိနစ်ခန့် ကြာသော်အခါ ရေနွေးနွေး လေးဖြင့် ဆေးကြောပေးပါ ။

နေလောင်ထားသော မျက်နှာအသားအရေအတွက် ပေါင်းတင်နည်း

ဒိန်ချဉ် (၂)ဇွန်း + လီမွန် (၂)ဇွန်း ကို ရောဖျော်ပြီး မျက်နှာပေါ်လိမ်းပေးပါ။၁၀ မိနစ်ခန့် ကြာသော်အခါ ရေနွေးနွေး လေးဖြင့် ဆေးကြောပေးပါ ။

အဆီပြန်သော မျက်နှာအသားအရေအတွက် ပေါင်းတင်နည်း

ဆနွင်း (၁)ဇွန်း + Aloe Vera Jel (ရှားစောင်းလက်ပတ်) (၂)ဇွန်း ကို ရောဖျော်ပြီး မျက်နှာပေါ်လိမ်းပေးပါ။၁၀ မိနစ်ခန့် ကြာသော်အခါ ရေနွေးနွေး လေးဖြင့် ဆေးကြောပေးပါ ။

မျက်နှာအရေးကြောင်းများ လျော့ပါးစေရန် ပေါင်းတင်နည်း

ကြက်ဥ (၁)လုံး + Aloe Vera Jel (ရှားစောင်းလက်ပတ်) (၂)ဇွန်း ကိုရောဖျော်ပြီး မျက်နှာပေါ်လိမ်းပေးပါ။ ၁၀မိနစ်ခန့် ကြာသော်အခါ ရေနွေးနွေး လေးဖြင့် ဆေးကြောပေးပါ ။

ခြောက်သွေ့သော အသားအရေ ရရှိစေရန် ပေါင်းတင်နည်း

လီမွန် (၂)ဇွန်း + ပျားရည်(၁)ဇွန်း ကို ရောဖျော်ပြီး မျက်နှာပေါ်လိမ်းပေးပါ။၁၀ မိနစ်ခန့် ကြာသော်အခါ ရေနွေးနွေး လေးဖြင့် ဆေးကြောပေးပါ ။

ကြည်လင်သော အသားအရေ ရရှိစေရန် ပေါင်းတင်နည်း

နနွင်း ၄ပုံ ၁ပုံ (စားပွဲတင်ဇွန်း) + Coconut Oil (၁)ဇွန်း ကို ရောဖျော်ပြီး မျက်နှာပေါ်လိမ်းပေးပါ။၁၀ မိနစ်ခန့် ကြာသော်အခါ ရေနွေးနွေး လေးဖြင့် ဆေးကြောပေးပါ။

အမဲစက် များအတွက် Deep Cleaning ပေါင်းတင်နည်း

ဂျုံမှုန့် (၁)ဇွန်း + ဒိန်ချဉ် (၂)ဇွန်း ကို ရောဖျော်ပြီး မျက်နှာပေါ်လိမ်းပေးပါ။၁၀ မိနစ်ခန့် ကြာသော်အခါ ရေနွေးနွေး လေးဖြင့် ဆေးကြောပေးပါ။

Previous Post Next Post

  • Kaung Chit Soe