၂၀၂၀ ဖေဖဝါရီလအတွင်း ၂၀၀၀၀ ဖိုးနှင့်အထက် ဝယ်ယူပြီး Deliecery Free အစီအစဉ်ကိုရယူလိုက်ပါ။

သင့်ကျန်းမာရေးနှင့်ရေသောက်ခြင်း

RSS
သင့်ကျန်းမာရေးနှင့်ရေသောက်ခြင်း
သင့်ကျန်းမာရေးနှင့်ရေသောက်ခြင်း

ရေများများသောက်တဲ့အတွက် အစာစားချိန်မှာ ထမင်းစားနှုန်းကိုကျဆင်းစေပြီး သင်ဝိတ်ကျဖို့အတွက် အတော်အထောက်အကူပေးပါတယ်။

သင့်ဦးနှောက်ရဲ့ 75%-85%လောက်ဟာ ရေတွေနဲ့ ပြည့်နှက်နေပါတယ်။ဒါကြောင့် ရေများများသောက်ခြင်းဖြင့် သင့်ရဲ့အာရုံစူးစိုက်မှုကို ပိုမိုကောင်းမွန်စေတယ်။

ရေသောက်ခြင်းဖြင့် မင်းရဲ့အလေးချိန်တွေကို လျော့ချပေးပါတယ်။ ရေတစ်ခုတည်းကိုသာ သင်၉ရက်တိတိသောက်မယ်ဆိုရင် ဒါနဲ့ညီမျှတဲ့ calories အဖြစ်တစ်ရက်စာ 8km လောက်လမ်းလျှောက်သလောက် သင် အလေးချိန်ကျဆင်းပါလိမ့်မယ်။

ရေသောက်ခြင်းဖြင့် သင့်ရဲ့ Metabolism တွေကိုမြင့်တက်လာစေပြီး သင့်ရဲ့စွမ်းအင်တွေကို တဟုန်ထိုး တိုးတက်လာစေပါတယ်။မနက်အိပ်ရာနိုးတာနဲ့ ရေတစ်ဗူးသောက်တဲ့ လူတိုင်းရဲ့ Metabolism တွေက 27% တိုးတက်လာပါတယ်။

ရေသောက်ခြင်းဖြင့် သင့်ရဲ့အဆုတ်ကိုဆေးပေးပါက ရောဂါဆိုးတွေကို တိုက်ခိုက်ပေးဖို့ အထောက်အကူပေးပါတယ်။

ရေသောက်နည်းခြင်းကြောင့် ရောဂါပိုးတွေ ဝင်ရောက်လာစေရန် အထောက်အကူပြုရာရောက်ပါတယ်။ကင်ဆာရောဂါဖြစ်စေရန်လည်း အခြေအနေများစွာ ဖြစ်ပေါ်စေပါတယ်။

ရေသောက်ပေးခြင်းဖြင့် သင့်နှလုံးသားလုပ်အားကို အားပေးအားကူပြုပါတယ်။လုတစ်ယောက်ဟာ တစ်နေ့ကို ရေ၅ခွက်သောက်ပေးခြင်းဖြင့် နှလုံးရဲ့လုပ်ဆောင်ချက်တွေကို ပိုမိုကောင်းမွန်စေပါတယ်။ေ ရများများသောက်ပေးခြင်းဖြင့် အသားအရေကို ကြည်လင်သန့်ရှင်းစေပြီး နူးညံ့စေပါတယ်။

နောက်ဆုံးအနေဖြင့် ပြောရရင် ရေသောက်ပေးခြင်းဖြင့် သင်ရဲ့ ပိုက်ဆံကို စုမိစောင်းမိ ဖြစ်ပေါ်စေပါတယ်။ဘာလို့လည်းဆိုတော့ ရေတစ်ဘူးရဲ့ ဈေးနှုန်းဟာ အခြားအရည်တွေရဲ့ ဈေးနှုန်းထက် များစွာ ဈေးနည်းလို့ပါပဲ။

ရေများများသောက်ခြင်းဖြင့် ကျန်းမာသောနေ့ရက်များကို ဖြတ်သန်းကြပါစို့။

Previous Post Next Post

  • Kaung Chit Soe