၂၀၂၀ ဖေဖဝါရီလအတွင်း ၂၀၀၀၀ ဖိုးနှင့်အထက် ဝယ်ယူပြီး Deliecery Free အစီအစဉ်ကိုရယူလိုက်ပါ။

ဌက်ပျောသီးရဲ့အစာလည်းဆေး ၊ ဆေးလည်းအစာကောင်းကျိုးများ

RSS
ဌက်ပျောသီးရဲ့အစာလည်းဆေး ၊ ဆေးလည်းအစာကောင်းကျိုးများ
ဌက်ပျောသီးရဲ့အစာလည်းဆေး ၊ ဆေးလည်းအစာကောင်းကျိုးများ

ခန္ဓာကိုယ်အတွက် ဌက်ပျောသီးတွင်ပိုတက်ဆီယမ်၊မဂ္ဂနီဆီယမ်၊ဗီတာမင်ဓာတ်၊သတ္တုဓာတ်၊ရေဓာတ်နှင့်အမျှင်ဓာတ်တိုပါဝင်ပြီး့ဌက်ပျောသီးနဲ့ဌက်ပျောခွံမှာပါဝင်တဲ့ဓာတ်တစ်မျိုးကဦးနှောက်ကိုစိုးရိမ်ကြောင့်ကြမူ့လျော့ပါးစေပြီး၊ ညအိပ်မပျော်ခြင်းကိုသက်သာစေပါသည်။

အသားအရေနဲ့ ဆံကေသာအတွက် ဌက်ပျောသီးထဲမှာ အမိုင်နိုအက်ဆစ် ပါဝင်ပြီးအသားအရေနဲ့ ဆံကေသာအတွက် အရမ်းအကျိုး ရှိစေပါတယ်။ ဆံသားကို ပျော့ပြောင်းစေပြီး ဗီတာမင်အေ၊ ဘီ၊ စီ တို့လည်း ပါဝင်တဲ့အတွက် ဆံပင်နှစ်ခွ ဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်။ဌက်ပျောသီး သက်သက်ကို အခွံခွာပြီး ဆံပင်ကို ပွတ်ပေးပါ။ ပြီးရင် ခဏစောင့်ပြီး မှ ရေနဲ့ ပြန်လျှော်ပေးပါ။ Conditioner သုံးစရာမ လိုအောင် ဆံပင်ဟာ တောက်ပြောင်၊ နူးညံ့ ရွှန်းစိုစေပါတယ်။

အရေပြားအတွက် ဌက်ပျောသီးအတွင်းခွံ သက်သက်ကို အရေပြားပေါ်တွင် ပွတ်သပ်လိမ်းပေးခြင်းဟာလည်း အရေပြားအတွက် ကောင်းစေပါတယ်။ ဝက်ခြံရှိတယ်ဆိုရင် မျက်နှာကို ဌက်ပျောသီးအခွံနဲ့ပွတ်ပေးပါ။ ခဏတာအတွင်း ဝက်ခြံတွေ ပျောက်ကင်းသွားပါလိမ့်မယ်။ ဌက်ပျောသီးကို ချေပြီး မျက်နှာကို လိမ်းချေပေးပါ။ ပြီးရင် ၁၀- ၁၅ မိနစ်လောက်စောင့်ပြီး ရေနဲ့ ပြန်သစ်ပေးပါ။ အချိန်မှန်မှန်လုပ်ပေးလာတာနဲ့အမ ျှအသား အရေကို ဝင်းပလာစေပါတယ်။ မျက်နှာပေါ်က အညစ်အကြေးတွေ ကင်းစင်စေပါတယ်။ အမာရွတ်တွေ ပျောက်စေပါတယ်။ ကြွက်နို့ကိုသတ်တဲ့အခါမှာလည်း သုံးနိုင်ပါသေးတယ်။ ဌက်ပျောသီး အတွင်းသားနဲ့ ကြွက်နို့ကို ဖုံးပေးပြီး သတ်နိုင်ပါတယ်။

သွားကျန်းမာရေးအတွက် ဌက်ပျောသီးအတွင်းဘက်အခွံကိုသွားတွင်၃-၅ စက္ကန့်ခန့်ပွတ်တိုက်ပေးပါပြီးလ ျှင်ရေနှင့်ပလုတ်ကျင်းလိုက်ပါကသင်၏သွားများ့ဖြူဖွေးသန့်စင်စေသည်။

ကလေးများအတွက် ဌက်ပျောသီးဟာ ကလေးသူငယ်များအတွက်ပါ အကျိုးရှိစေတဲ့ သစ်သီး တစ်မျိုး ဖြစ်ပါတယ်။ အစာအလွယ် တကူချေဖျက်စေနိုင်ပြီး အဆီလည်း မပါတဲ့အတွက် ကလေးတွေနဲ့ လိုက်ဖက်တဲ့ အစားအစာမျိုး ဖြစ်ပါတယ်။ ဌက်ပျောသီးနဲ့ မတည့်တဲ့ ကလေး ရှားပါတယ်။ နောက်ပြီး ခန္ဓာကိုယ် ကြီးထွားစေဖို့အတွက်လည်း ဌက်ပျောသီးဟာ လိုအပ်တဲ့ သစ်သီး တစ်မျိုး ဖြစ်ပါတယ်။

ကျန်းမာသောနေ့ရက်များကိုဖြတ်သန်းကြပါစို့။

Previous Post Next Post

  • Kaung Chit Soe