၂၀၂၀ ဖေဖဝါရီလအတွင်း ၂၀၀၀၀ ဖိုးနှင့်အထက် ဝယ်ယူပြီး Deliecery Free အစီအစဉ်ကိုရယူလိုက်ပါ။

နွားနို့နှင့် ဒိန်ချဉ်သောက်ခြင်းရဲ့ကောင်းကျိုးများ

RSS
နွားနို့နှင့် ဒိန်ချဉ်သောက်ခြင်းရဲ့ကောင်းကျိုးများ
မင်္ဂလာပါရှင်
ဒီအပတ် Tips & Facts အစီအစဉ်လေးကတော့ နေ့စဉ် လူခန္ဓာကိုယ်အတွက် လိုအပ်သော အာဟာရဓာတ် ပေါင်းများစွာ ပါဝင်သော နွားနို့နှင့် ဒိန်ချဉ် ၏ ကောင်းကျိုးများကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

နွားနို့၏ အကျိုးကျေးဇူးများ
နွားနို့တွင် အဓိက ပါဝင်သော အာဟာရဓာတ် ၉ မျိုးရှိပါသည်။
အာဟာရဓာတ် များမှာ-Calcium, Vitamin D, Vitamin A, B,Vitamin B12, Protein တို့အပြင် Potassium, Phosphorus နှင့် Zinc တို့ပါဝင်ပါသည်။ နွားနို့တွင် Calcium ဓာတ် အများဆုံး ပါဝင်သောကြောင့်အရိုးအဆစ် ကျန်းမာစေပြီး အရပ်ရှည်စေနိုင်ပါသည်။ နွားနို့ကို ပုံမှန်သောက်သုံးခြင်းဖြင့် အာရုံကြော လုပ်ဆောင်မှုအားကောင်းစေသည့်အပြင် သွေးဖိအားကို လျော့ချပေးနိုင်ပြီး ကျောက်ကပ် ရောဂါ ဖြစ်နိုင်ချေကို ၂၀% အထိ ကာကွယ်ပေးပါသည်။ ထို့အပြင် အသက်အရွယ်ကြီးပါက ရင်ဆိုင်ရမည့် အရိုးပါး / ပွ ရောဂါ ကို ကာကွယ်ပေးနိုင်ပါသည်။ နွားနို့တွင် Vitamin D ပါဝင်သောကြောင့် ၊ Calcium နှင့် Phosphorus ဓာတ်နှစ်မျိုးကို အူလမ်းကြောင်းမှ စုတ်ယူရန် ကူညီပေးသည်။ ထိုဓာတ်နှစ်မျိုးသည် အရိုးနှင့် သွားများကို အားပြည့်စေသည့်အပြင် ကြွက်သားကို သန်မာစေပြီး ခုခံအားကို တက်စေသည်။နွားနို့တွင်ပါဝင်သော Vitamin A ကလည်း မျက်စိအမြင်လွှာအား ကောင်းစေပြီး သွေးနီဥ အသစ်များဖြစ်ပေါ်စေရန် ကူညီပေးပါသည်။ ကိုယ်ဝန်ဆောင်နှင့် နို့တိုက် မိခင်တွေ မှာလည်း နွားနို့သောက်သုံးပေးခြင်းဖြင့် သန္ဓေသားကို ကျန်းမာစေပြီး ဦးနှောက်နှင့် ဉာဏ်ရည် ကို ဖွံ့ဖြိုးစေပါသည်။ ခန္ဓာကိုယ် အတွက် လိုအပ်သော Vitamin B 12 ပါဝင်တာကြောင့် အစားအစာစွမ်းအင် ထုတ်လုပ်ပေးသည့် ဖြစ်စဉ်များကို အားပေးပါသည်။ ကိုယ်တွင်း အပူငြိမ်းလိုသူများ နံနက်တိုင်း ကျိုချက် အအေးခံ၍ သောက်သုံးပေးသင့်သည်။ ထို့အပြင် Vitamin ဓာတ်များ ကြွယ်ဝစွာ ပါဝင်သောကြောင့် သွေးအားနည်းရောဂါ ၊ မှတ်ဉာဏ်ချို့ယွင်း ခြင်းနှင့် အယ်ဇိုင်းမား ဖြစ်ပွားမှုကို ကာကွယ်ပေးပါသည်။ ထို့ကြောင့် ကျန်းမာကြံ့ခိုင်သောစွမ်းအား အရင်းအမြစ်များ ဖြစ်ပေါ်လာစေရန် အာဟာရဓာတ်အစုံပါဝင်သော နွားနို့ကို နေ့စဉ်ပုံမှန် သောက်သုံးပေးသင့်ပါသည်။

ဒိန်ချဉ်၏ အကျိုးကျေးဇူးများဒိန်ချဉ်ထဲတွင် ဗီတာမင် နှင့် သတ္တုဓာတ်များ ကြွယ်ဝသည့် အပြင် Probiotic (or) ခန္ဓာကိုယ်အကျိုးပြု ဗက်တီးရီးယားများ ပါရှိ ၍ နေ့စဉ် ဒိတ်ချဉ် 100 g သောက် သုံးပေးခြင်းဖြင့် ကိုယ်ခံစွမ်းအားကို တိုးတက်ကောင်းမွန်စေပါသည် ။ လူတစ်ယောက်၏ တစ်နေ့တာ လိုအပ်ချက် ပရိုတင်း 20% ကို ဒိန်ချဉ်တစ်ခွက်စာ ပမာဏထဲတွင် ရရှိနိုင် သည်။ ဒိန်ချဉ် တစ်ခွက်သည် အူလမ်းကြောင်း တစ်လျှောက် အကျိုးပြု ဗက်တီးရီးယား တွေကို တိုးပွားစေသဖြင့် မကောင်းသည့် ဗက်တီးရီးယား များကို ရှင်းပြီး ဗိုက်ကို အဆီကျ ချပ်ရပ်စေသည့်အပြင် အူလမ်းကြောင်းနဲ့ပတ်သတ်သည့် ရောဂါ ဖြစ်နိုက်ချေကို လျော့ချပေးပါသည် ။ ထို့အပြင် အစာခြေစနစ် တိုးတက် ကောင်းမွန်စေပြီး အစာမကြေ လေပွ ၊ ဝမ်းပျက် ၊ ဝမ်းချုပ် ခြင်းတို့ကို ကုသပေးနိုက်သည် ။ ဒိန်ချဉ်ထဲတွင် ပါဝင်သော ကယ်လဆီရမ်ဓာတ် သည် အရိုးသိပ်သည်းဆ အားကောင်းကာ အသက်ကြီးပိုင်းတွင် ဖြစ်သော အရိုးရောင် / ပွ ရောဂါ မဖြစ်နိုင်သည့်အပြင် သွေးတိုး ၊ ဆီးချို ၊ သွေးချို ဖြစ်နှုန်း ကို လျော့ချပေးသည်။ ဒိန်ချဉ် ထဲတွင် ပါရှိသော လက်တစ်အက်ဆစ်သည် ခံတွင်းရှိ ဗက်တီးရီးယား ပိုးမွှားများကို သေစေ၍ ခံတွင်း အနံ့ဆိုးများပျောက်စေသည့်အပြင် သွားနှင့် သွားဖုံးတို့ကိုလည်း ကျန်းမာစေပါသည်။ ဒိန်ချဉ် သည် အဆုတ်ကိုကျန်းမာစေသဖြင့် ဆေးလိပ် သောက်သုံးသူများ ဒိန်ချဉ် သောက်သုံးပေးသင့်ကြောင်း ဆေးပညာရှင်များက အကြံပြုထားပါသည်။ ဒိန်ချဉ်သည် ဗီတာမင် (D) ကြွယ်ဝသည့်အတွက် ပုံမှန်စား သုံးပေးပါက နှစ်ချိုက်စွာ အိပ်ပျော်စေပါသည်။ အမျိုးသမီးများ ဒိန်ချဉ်စား ပေးပါက ဝက်ခြံပျောက်၍ အသားအရည် ဝင်းမွတ် စိုပြေခြင်း ၊ အရွယ်တင် နုပျိုစေ၍ ဦးကေပြား အားကောင်းစေပြီယ ဆံသားကျွတ် ခြင်းမှ သက်သာစေနိုင်ပါသည်။ Super Food အမျိုးအစားဝင် အစားအစာ ဖြစ်ပြီး အကောင်းဆုံးအစားအစာ ၁၀ မျိုး စာရင်း ထဲတွင် တစ်ခု အပါအဝင်ဖြစ်ကြောင်း ဆေးပညာရှင်များမှ ဖော်ပြပေးထားပါသည်။ ထို့ကြောင့် ခန္ဓာကိယ်အတွက် များစွာ အကျိုးပြုသည့် ဒိန်ချဉ်ကို နေ့စဉ် ပုံမှန် စားသုံးပေးခြင်းဖြင့် ကျန်းမာခြင်းသုခ ပြည့်စုံစေမည် ဖြစ်ပါသည်။
ကျန်းမာ လှပသော နေ့ရက်များကို ပိုင်ဆိုင်နိုင်ကြပါစေရှင် — feeling healthy.

Previous Post Next Post

  • Kaung Chit Soe