၂၀၂၀ ဖေဖဝါရီလအတွင်း ၂၀၀၀၀ ဖိုးနှင့်အထက် ဝယ်ယူပြီး Deliecery Free အစီအစဉ်ကိုရယူလိုက်ပါ။

သင့်မျက်လုံးကျန်းမာရေးအတွက် လုပ်ဆောင်သင့်သော အလေ့အကျင့်ကောင်းများ

RSS
သင့်မျက်လုံးကျန်းမာရေးအတွက် လုပ်ဆောင်သင့်သော အလေ့အကျင့်ကောင်းများ

မျက်လုံးဟာ လူသားတစ်ဦးရဲ့ နေ့စဉ်ဘဝမှာ အလွန်အရေးကြီးတဲ့ အဂါၤအစိတ်အပိုင်းဖြစ်ပါတယ်။ ထို့ကြောင့် မျက်လုံးကျန်းမာရေးအတွက် အမြဲလုပ်ဆောင်သင့်တဲ့အချက်တွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်။

၁။ အမြင်အာရုံနဲ့ မျက်လုံးအားကောင်းမွန်စေသော အာဟာရများကို ပုံမှန်စားသုံးပေးခြင်း- မုန်လာဥနီ၊ ဟင်းနုနွယ်ရွက်၊ သရက်သီး စသည့် Vitamin A ကြွယ်ဝသောအသီးအရွက်များ၊ Omega 3 ကြွယ်ဝသော ဆော်လမွန်ငါး၊ တူနာငါး စသည့် ပင်လယ်ငါးများ

၂။ ကိုယ်ခန္ဓာ အလေးချိန်ကို ထိန်းထားခြင်း- ကိုယ်အလေးချိန် အဆမတန်မြင့်တတ်လာခြင်း၊ အဝလွန်ခြင်းတို့သည် နှလုံးသွေးကြောရောဂါများနှင့် ဆီးချိုရောဂါတိုကို ဖြစ်ပွားစေနိုင်ပြီး နောက်ဆက်တွဲအဖြစ် မျက်လုံးတွင် တိမ်ဖြစ်ပွားခြင်း မျက်လုံးအမြင်ကွယ်ခြင်းများဖြစ်ပေါ်စေနိုင်သောကြောင့် ကိုယ်အလေးချိန် တိုးမလာစေရန် သင့်တင့်လျောက်ပတ်သော စားသောက်မှုနှင့် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများကို ပြုလုပ်ပေးပါ။

၃။ မျက်လုံးကို ကာကွယ်ပေးနိုင်သော အကာအကွယ်မျက်မှန်များကို တပ်ဆင်ပါ- အချို့သော အားကစားနည်းများ၊ စက်ဘီး နှင့် ဆိုင်ကယ်စီးသောအချိန်များ၊ အမှုန်အမွှားမျာ လွင့်စင်တတ်သည့်လုပ်ငန်းဆောင်တာများ လုပ်ဆောင်ချိန်များတွင် မျက်လုံးကို ထိခိုက်ဒါဏ်ရာရမှုများမှ ကာကွယ်ရန် သီးသန့်ထုတ်လုက်ထားသော အကာအကွယ်မျက်မှန်များကို တပ်ဆင်သင့်ပါတယ်

၄။ ဆေးလိပ်သောက်ခြင်းမှ ရှောင်ကျဉ်ခြင်း - ဆေးလိပ်သည် မျက်လုံး ကိုသာမက ခန္ဓာကိုယ်တစ်ခုလုံး၏ကျန်းမာရေးကို ထိခိုက်စေပါသည်။ ဆေးလိပ်သောက်ခြင်းနှင့် အမြင်အာရုံ ကွယ်ပျောက်စေသောရောဂါများ၏ ဆက်စပ်မှုရှိနေသည်ကို သုတေသနလေ့လာချက်များတွင်တွေရှိရသောကြောင့် ဆေးလိပ်သောက်သုံးခြင်းကို ရှောင်ကျဉ်သင့်ပါသည်။

၅။ အပြင်ထွက်ချိန်တွင် နေကာမျက်မှန်ဝတ်ဆင်ခြင်း- နေကာမျက်မှန်ဝတ်ဆင်ခြင်းသည် ဖက်ရှင်ကျစေရုံအတွက်ထက် မျက်လုံးအား နေရောင်ခြည်၏ ခရမ်းလွန်ရောင်ခြည်သင့်စေခြင်းမှကာကွယ်ရန် ဝတ်ဆင်သင့်ပါသည်။ UV-A နှင့် UV-B နှစ်မျိုးစလုံးမှ ကာကွယ်ပေးနိုင်သော နေကာမျက်မှန်များကို ဝတ်ဆင်သင့်ပါသည်။

၆။ မျက်လုံးအားအနားပေးပါ- ဖုန်း နှင့် ကွန်ပျူတာ screen များအားကြာရှည်စွာစိုက်ကြည့်နေခြင်းသည် မျက်စေ့ညောင်းညာခြင်း သို့မဟုတ် ပင်ပန်းနွမ်းနယ်ခြင်းများကိုဖြစ်စေနိုင်သောကြောင့် ၂၀၊ ၂၀၊ ၂၀ နည်းဟုခေါ်သော မိနစ် ၂၀ တိုင်းတွင် ပေ ၂၀ ခန့်အကွာအဝေးတွင်ရှိသော အရာဝတ္ထု (သစ်ပင်ကဲ့သို့ စိမ်းစိုသောအရာဆိုလျှင်ပိုကောင်းသည်) ကို စက္ကန့် ၂၀ခန့် ခဏတာ ငေးမောကြည့်ပေးလျှင် မျက်စေ့ညောင်းညာပင်ပန်းခြင်းကိုသက်သာ စေနိုင်သည်။

၇။ မျက်လုံး မျက်ကပ်မှန် တို့ကို မကိုင်တွယ်မှီ လက်ကို စင်ကြယ်စွာ ဆေးကြောသင့်ပြီး မျက်လုံးပိုးဝင်ခြင်းများမှကာကွယ်ရန် မျက်ပ်မှန်များကိုလည်း သန့်ရှင်းစွာ ထားသိုနိုင်ရန် အထူးအရေးကြီးပါသည်။

၈။ မျက်လုံးအထူးကု ဆရာဝန်များနှင့် စမ်းသပ်စစ်ဆေးခြင်းသည် သင့်မျက်လုံး ကျန်းမာရေးအတွက် လွန်စွာအရေးကြီးသည်။ အချို့သော လူနာအများစုသည် မျက်မှန်/မျက်ကပ်မှန် တပ်ရန်လိုအပ်လျက်ရှိနေသော်လည်း ဆရာဝန်နှင့် စမ်းသပ်စစ်ဆေးမှု များမပြုလုပ်မိသောကြောင့် ကာလကြာရှည်စွာ အမြင်အာရုံ မှုန်ဝါးခြင်းများကို ခံစားရလေ့ရှိသည်။ အခြားသောမျက်လုံး ရောဂါများသည်လည်း သိသာသည့် ကြိုတင်လက္ခဏာများ ပေါ်ပေါက်ခြင်းမရှိသောကြောင့် ဆရာဝန်များဖြင့် သွားရောက် စစ်ဆေးမှသာကြိုတင်သိရှိ ကုသနိုင်သောကြောင့် မျက်လုံးအထူးကုဆရာဝန်များဖြင့် အသေးစိပ် စမ်းသပ် စစ်ဆေးမှုကို ခံယူသင့်လှပါသည်။

အမြင်အာရုံများကြည်လင်နိုင်ကြပါစေ။

Previous Post Next Post

  • Kaung Chit Soe