အသားအရေအတွက် အကောင်းဆုံး အစားအစာ (၈)မျိုး...

၁။ Avocados( ထောပတ်သီး)🥑🥑
Avocados are not just for eating!
ထောပတ်သီး ဆိုရင် ဖျော်ရည်လောက်ပဲ
နို့ဆီ နို့စိမ်းလေးနဲ့ သောက်ကြတာပါ
တကယ်တမ်း ထောပတ်သီးက အသားအရေအတွက် ဘာတွေ ကောင်းကျိုးပြုလဲ ဆိုရင် Vitamin B complex ပါဝင်တဲ့အတွက်ကြောင့်
အသားအရေ ခြောက်တဲ့ သူတွေ , သွေးအားနည်းလို့ လက်သည်းတွေ ဆံပင် အဆီဓာတ်ခြောက်သွေ့သူ
တွေ အများဆုံး စားသုံးပေးသင့်ပါတယ်
မျက်နှာအတွက်ဆိုရင်ကော.....
moisturizing mask အနေနဲ့ သုံးလို့ရပါသေးတယ်
ဖျော်ရည် လုပ်သောက်တဲ့အခါ ကျိတ်ပြီးသား အနှစ်
နည်းနည်း ကို virgin coconut oil ၁ဇွန်း +သံလွင်ဆီ ၁ဇွန်း ရယ် ရောပြီး မျက်နှာပေါ် လိမ်းပေးနော်
၁၅မိနစ် ကြာတဲ့အခါ ရေနွေးနွေးလေးနဲ့ဆေးပေးပါ
၁ပတ် နှစ်ကြိမ် လောက်ပြုလုပ်ကြည့်ပါက သိသာလာပါလိမ့်မယ်....
ကိုယ်တိုင်မလုပ်နိုင်တဲ့သူတွေအတွက် ကတော့
ထောပတ်သီးပါတဲ့ mask လေးတွေဝယ်သုံးပေးနော်
၂။ Green Tea (လက်ဖက်စိမ်း)🌿🌿
လက်ဖက်ခြောက်အနေနဲ့ green tea လေးတွေ
သောက်ကြတယ် ခုဆို ice tea လေးတွေလည်း
လုပ်သောက်လာကြပြီ
အသားအရေအတွက် ဘာကောင်းသလဲ ဆိုတော့...
ကျန်းမာသော အသားအရေ ကိုလိုချင်ရင် green tea သောက်ပါ......
Green tea မှာ အသားအရေကောင်းကျိုးအတွက် များစွာသော ဓာတ်တွေ ပါဝင်ပါတယ်.....
Green tea ကို တစ်နေ့ ၄ ခွက်ထိ သောက်လို့
ရပါတယ်
တစ်ခါသောက် အထုတ်ကလေးတွေနဲ့သောက်ကြတဲ့အခါ မမေ့ဖို့က မလွှတ်ပစ်ပါနဲ့...
ရေခဲ သေတ္တာထဲ ထည့်ထားပါ ညဘက် အိပ်ခါနီး မျက်လုံးပေါ် တင်ပေးပါ မျက်စိ အပူ တွေကင်းစေပါတယ်.......
၃။ Tomatoes ( ခရမ်းချဉ်သီး )🍅🍅
Red fruits တွေထဲမှာ ပါဝင်တဲ့ ခရမ်းချဉ်သီးဟာ
ကင်ဆာ ရောဂါများကို သက်သာစေပြီး ဟင်းချက်လို့လည်းရသလို ဖျော်ရည် ပေါင်မုန့်အသားညှပ်လိုမျိုးတွေမှာ စားသုံးကြတာပါ.....
အဓိက က နှလုံးကျန်းမာရေးကို ကောင်းမွန်စေတာပါ....
မျက်နှာအသားအရေတွက်ဆိုရင်ကော.....
အသားအရေတွေ ခမ်းခြောက်နေပြီဆိုရင်
ခရမ်းချဉ်သီး ကို သကြားအနည်းငယ်နှင့်ဖျော်ရည် လုပ်သောက်ကြည့်ပါ ......
mask အနေနဲ့ကတော့ ခရမ်းချဉ်သီး အနှစ်ရယ်
သံလွင်ဆီ virgin coconut oil ရယ် ရောပြီး လိမ်းပေးပါ ၁၅မိနစ်ခန့်ကြာသောအခါ ရေနွေးနွေးလေးဆေးချပေးပါ တစ်ပတ် ၂ကြိမ်ပြုလုပ်ပေးပါ
ခရမ်းချဉ်သီးပါတဲ့ mask ကလေးတွေလည်း သုံးလို့ရတယ်နော်.....
၄။ Salmon fish ( ဆောလမွန်ငါး)🐟🐟
ငါးကြီးဆီ ကိုသိကြမှာပါ ကလေးတွေကို အများဆုံး
ကျွေးကြတာပါ အသားဓာတ် အများဆုံးကြွယ်ဝပြီး အာဟာရဓာတ်
များစွာ ပါဝင်ပါတယ်
အသားအရေအတွက်လည်း .......
သံဓာတ်အားကောင်းစေလို့အမျိုးသမီးအများစုကိုအထောက်အကူအများကြးီြ
ပုစေပြီး အသားကင်ပဲဖြစ်ဖြစ် ဟင်းချက်၍ပဲဖြစ်ဖြစ်စားသုံးပေးသင့်ပါတယ်...
၅။ Egg (ကြက်ဥ)🥚🥚
ပရိုတင်း ဓာတ် ပါဝင်လို့ ခန္ဓာကိုယ် ဆဲလ် တွေကို
ပြုပြင်ပေးပြီး ပြင်ပ ရောဂါတွေကို ကာကွယ်စေပါတယ် ကလေးငယ်တွေကိုတော့ ပူတင်း လိုမျိုးပြုလုပ်ကျွေးသင့်ပါတယ်.....
အသားအရေအတွက်ကတော့.....
Dry skin အသားအရေအတွက် mask ပြုလုပ်လို့ရပါတယ် ပျားရည် ၁ဇွန်းနဲ့ ကြက်ဥ အကာ ရောပြီးမျက်နှာပေါ် လိမ်းပေးပါ ၁၅မိနစ် ကြာတဲ့အခါ
ရေနွေးနွေးလေးနဲ့ဆေးပေးပါ.....
ဆံသားအတွက်ဆိုတော့ သံလွင်ဆီ virgin coconut oil ၁ဇွန်းစီခန့် ရောပြီး ခေါင်းမလျှော်ခင် ၁၅မိနစ်ခန့် ဦးရေပြားကို လိမ်းပေးပါ
သင့်လျော်တဲ့ ခေါင်းလျှော်ရည်နဲ့ ပြန်လျှော်ပေးပါ...
၆။ Pomegranate Fruit (သလဲသီး)🍎🍎
ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ collagen အများဆုံးပါဝင်ပါတယ် ပျက်စီးနေတဲ့ အသားအရေ တွေ အသက်အရွယ် လိုက် အသားအရေ လိုအပ်ချက်တွေ ဖြစ်ပေါ်လာတဲ့ အခါ collagen သောက်သုံးဖို့လိုလာပြီပဲ ဖြစ်ပါတယ်
မျက်နှာ အသားအရေအတွက်ကတော့.....
အရေးအကြောင်းတွေ ပေါ်လာပြီဆိုရင်
သလဲသီး ပါဝင်တဲ့ lotion အသားလိမ်းခရင်တွေ
မျက်နှာလိမ်း ခရင် တွေကို သုံးပေးသင့်ပါတယ်
နွေရာသီဆို mask ကလေးတွေလည်းသုံးပေးနော်
၇။ Walnut (သစ်ကြားသီး)🥔🥔
Omega 3 အများဆုံးပါဝင်ပါတယ်
အသီးကို စားသုံးပေးခြင်းဖြင့် ဆံသားအတွက်ကောင်းမွန်စေပြီး
အ့သားအရေတွေ ချောမွေ့လာမယ်
ငယ်ရွယ်နုပျိုတဲ့ အသွင်ကို ရရှိစေမှာပါ.....
ကိုယ်ဝန်ဆောင်ချိန်မှာ စားသုံးပေးသင့်ပါတယ်
၈။ Bean ( ပဲ)🥜🥜
နေ့စဉ်စားသုံးနေတဲ့ အစားအစာ မှာ မပါမဖြစ် ဓာတ် တစ်မျိုး ဖြစ်ပါတယ်
အစေ့အဆံ (ပဲ)တစ်မျိုးကို နေ့စဉ် စားသုံးပေးခြင်းဖြင့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အသားဓာတ် ပရိုတင်းဓာတ် တွေက ခန္ဓာကိုယ်အတွက်
လိုအပ်ချက်တွေကို ဖြည့်တင်းနေမှာပါ
အသားအရေအတွက်ကတော့......
ပဲနို့ လို juice မျိုးတွေကို သောက်သုံးပေးသင့်ပါတယ်..........
ပျိုမေလေးတွေ လှပ ကျန်းမာသော အသားအရေ
လေးတွေ ပိုင်ဆိုင်နိုင်ကြပါစေ.......❤❤
- Kaung Chit Soe