Antioxidant ဆိုတာဘာလဲ?

Antioxidant ဆိုတာဘာလဲ?
မိမိတို့ရဲ့ခန္ဓာကိုယ်ထဲမှာ နေ့စဉ်ဖြစ်ပေါ်နေတဲ့ ဇီဝဖြစ်စဉ်တွေကြောင့်ထွက်ပေါ်လာတဲ့ free radicals တွေကြောင့် ဖြစ်ပေါ်လာမည့် ခန္ဓာကိုယ်တွင်းထိခိုက်ပျက်စီးမှုတွေကို ကာကွယ်ပေးနိုင်တဲ့အရာတွေကို Antioxidants များဟု
သတ်မှတ်နိုင်ပါသည်။
ခန္ဓာကိုယ်ထဲမှာ free radicals တွေနှင့် Antioxidants နှစ်မျိုးစလုံးတည်ရှိ
နေပြီး အကြောင်းကြောင်းကြောင့် free radicals ရဲ့ Level ကပိုများနေပါက ကျန်းမာတဲ့ပုံမှန် Cell တွေကို ပျက်စီးစေတတ်ပြီး နောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့ လက်ရှိအသက်ထက် ရုပ်ပိုင်းဆိုင်ရာပိုမို ကြီးရင့်ခြင်း၊ Cell များသန္ဓေပြောင်းခြင်းများ နှင့် ကင်ဆာရောဂါများဖြစ်ပွားနိုင်စေခြင်း တို့ကို ဖြစ်စေပါသည်။
ခန္ဓာကိုယ်အတွင်းတွင် လုံလောက်တဲ့ Antioxidants များရှိပါကအောက်ပါ ကောင်းကျိုးများကို ရရှိစေနိုင်ပါသည်။
- အရွယ်တင်ခြင်း၊ အသားရေလှပခြင်း
- အရေပြား၊ မျက်လုံး၊ အရိုးအဆစ်များ၊ ဦးနှောက် နှင့် နှလုံးတို့ ကိုလည်း နုပျိုစေနိုင်ပါသည်။
- ကင်ဆာဖြစ်နိုင်ချေကို လျောကျစေသည်
- အသက်ရှည်စေခြင်း
- Detoxification ကိုထောက်ပံ့ပေးခြင်း
- နှလုံးရောဂါများနှင့် လေဖြတ်ခြင်းများကို ကာကွယ်နိုင်ခြင်း
- ဦးနှောက်နှင့် မျက်လုံးရောဂါများဖြစ်နိုင်ချေကိုလျော့ချနိုင်ခြင်း
ထို့ကြောင့် Antioxidant များများပါဝင်သော အစားအစာများကို စာဖတ်သူတို့ ရွေးချယ်စားသုံးနိုင်ရန် ဖော်ပြအပ်ပါသည်။
၁။ နနွင်း
၂။ ဂျင်း
၃။ ဘယ်ရီသီးများ (blueberry, cranberry, etc..)
၄။ ရှမ်းနံနံပင် (ပူစီနံ)
၅။ အမည်းရောင်ချောကလက်
၆။ သစ်ဂျပိုးခေါက်
အားဆေးများတွင်ပါဝင်တတ်သည့် Antioxidants များကိုလည်းဖော်ပြလိုက်ရပါသည်။
1. Glutathione
2. Quercetin
3. Lutein
4. Vitamin C
5. Resveratrol
6. Astaxanthin
7. Selenium
- Kaung Chit Soe