၂၀၂၀ ဖေဖဝါရီလအတွင်း ၂၀၀၀၀ ဖိုးနှင့်အထက် ဝယ်ယူပြီး Deliecery Free အစီအစဉ်ကိုရယူလိုက်ပါ။

ထက်မြက်တဲ့ကလေးဖြစ်စေချင်ရင် သူတို့လေးတွေကိုပြောခွင့်ပေးပါ

RSS
ထက်မြက်တဲ့ကလေးဖြစ်စေချင်ရင် သူတို့လေးတွေကိုပြောခွင့်ပေးပါ

ကလေးတွေဟာ သူတို့ အလေးထားတဲ့ စကားတခွန်းကို ပြောတဲ့အခါ လူကြီးက နားစိုက်ထောင်ပေးတဲ့အခါ ရရှိတဲ့ ကျေနပ်နှစ်သိမ့်မှုဟာ သူတို့လေးတွေကို အံ့သြစရာကောင်းလောက်အောင် ညဏ်ကောင်းထက်မြက်ကျန်းမာလာစေပါတယ်။ ကိုယ်ဖြစ်ချင်တာနဲ့ သူတို့လေးတွေ ဖြစ်စေချင်တာ ကွာဟနေတာမျိုး အများကြီးရှိပါတယ်။ သဘောတူတူမတူတူ စိတ်အေးလက်အေး ခံယူတတ်သူ လမ်းဖွင့်ပေးသူ အာရုံစိုက်နားထောင်ပေးသူတွေမိဘတွေဟာ ကလေးတွေရဲ့ ချစ်ခြင်းမေတ္တာကို ပိုရလေ့ရှိပါတယ်။
မျက်နှာလေးညိုမှိုင်းနေတဲ့ ကလေးငယ်လေးဟာ အသစ်စက်စက် စက်ဘီးလေးကို ဝမ်းပန်းတနည်း စိုက်ကြည့်နေတယ်။ သူ့မျက်နှာကပြိုတော့မယ့်မိုးလိုပဲ...
သူ့ဖေဖေက အလုပ်သွားဖို့ အလောတကြီးပြင်ဆင်နေတယ်။ သူလေးဟာ အရဲစွန့်ပီး အနားကပ်လာရင်း..

" ဖေဖေ.. စက်ဘီးလေးကလေ... "
သူစကားဆုံးအောင်မပြောလိုက်ရပါဘူး။ သူ့အဖေက သူ့ ကို မပီးကားထဲထည့်လိုက်ပါတယ်။ အိမ်ထဲက မိန်းမကို ဆူပါတယ်။ ခဏနေတော့ တဗြစ်တောက်တောက်ရေရွတ်ရင်း ကားကို အတင်းမောင်းထွက်ပါတယ်။ ထွန်းထွန်းဟာ ခြေနင်းကျိုးနေတဲ့ စက်ဘီးလေးကို မချိတင်ကဲလှမ်းကြည့်ပီး ဖေဖေ့ကို ပြောဖို့ကြိုးစားပါတယ်။ ကားလေးဟာ မြက်ခင်းပေါ်လဲနေတဲ့ စက်ဘီးလေးကို ဖြတ်ကျော်လာခဲ့ပြီး အိမ်ဝင်းထဲက ထွက်လာပါတယ်။ စိတ်ထဲမှာ တခုခု ခံနေပါတယ်။ သူဟာ သူပြောချင်ရာ ပဲသိတယ်။ သူ့အဖေနဲ့ အမေကွဲတော့မှာလည်း ဂရုမစိုက် သူ့အဖေအလုပ်ပြုတ်ခါနီး အခြေအနေကိုလည်း မသိပါ။ ခြေနင်းကျိုးနေတဲ့ စက်ဘီးလေးသာ သူ့ခေါင်းထဲရှိတာမို့ နားလညိရခက်စွာနဲ့ ခေါင်းကို အတင်းကုတ်ပီး အော်ငိုပါတော့တယ်။
နားကပ်လေး တရမ်းရမ်းနဲ့ ချစ်စရာမိန်းကလေးဟာ သူမရဲ့ အစီအစဉ်တွေကို မိခင်ကို အားရပါးရ ပြောပြနေပါတယ်။ ခဏနေတော့ မိခင်က မီးဖိုချောင်ထဲကို ထထွက်သွားပါတယ်။ အဲလိုကြုံတာ တခါမကတော့ပါဘူး။ ငယ်ရွယ်စဉ်မှာသူမဟာ မိခင်ကို ဘာမဆိုပြောပြဖို့ ကြိုးစားပါတယိ။ မိခင်ဟာ သူမရဲ့အားကိုးရာ ရင်ဖွင့်ရာစင်စစ်ပါ။ ဒါပေမယ့် သူမပြောသမျှတွေကို ကောင်းကောင်း စိတ်ရှည်လက်ရှည်နားမထောင်ခဲ့တဲ့ အပြင် အပြစ်တင်တာ ဆူဆဲတာ အော်လွှတ်တာတွေကို ခဏခဏကြုံအပြီး သူမဟာ စိတ်ခံစားမှုတွေကိုမြိုသိပ်ပီး လျှို့ဝှက်တတ်တဲ့ မိန်းကလေးအဖြစ်ကြီးပြင်းလာပါတယ်။ ဆုံးဖြတ်ချက်တွေကို သူမဘာသာချပါတယ်။ သူမဘာလုပ်မယ်ဆိုတာ မှန်သမျှ မိဘက ဘာမှ မသိရတော့ပါဘူး။

ကလေးတွေကို ပြောခွင့်ပေးပါ.. သူတို့ လျှောက်သာအောင်လမ်းဖွင့်ပေးပါ…. လျစ်လျှူရှုခံရတဲ့ ခံစားချက်ဟာ ကလေးတွေကို သိမ်ငယ်ဝမ်းနည်းစေပြီး စိတ်မလုံခြုံမှုတွေ အပြည့်နဲ့ ကြီးပြင်းလာစေပါတယ်။ ကလေးတွေ ပြောသမျှ အာရုံစိုက်ပေး အလေးထားပေးခြင်းဖြင့် သူတို့လေးတွေကို ဉာဏ်ရည်ထက်မြက် ပျော်ရွှင်လာအောင် ကြိုးစားပေးကြရအောင်ပါ။

Previous Post

  • nutri knack
Comments 0
Leave a comment
Your Name:*
Email Address:*
Message: *
* Required Fields