Health Knowledge

RSS
ထက်မြက်တဲ့ကလေးဖြစ်စေချင်ရင် သူတို့လေးတွေကိုပြောခွင့်ပေးပါ

ထက်မြက်တဲ့ကလေးဖြစ်စေချင်ရင် သူတို့လေးတွေကိုပြောခွင့်ပေးပါ 0

ကလေးတွေဟာ သူတို့ အလေးထားတဲ့ စကားတခွန်းကို ပြောတဲ့အခါ လူကြီးက နားစိုက်ထောင်ပေးတဲ့အခါ ရရှိတဲ့ ကျေနပ်နှစ်သိမ့်မှုဟာ သူတို့လေးတွေကို အံ့သြစရာကောင်းလောက်အောင် ညဏ်ကောင်းထက်မြက်ကျန်းမာလာစေပါတယ်။ ကိုယ်ဖြစ်ချင်တာနဲ့ သူတို့လေးတွေ ဖြစ်စေချင်တာ ကွာဟနေတာမျိုး အများကြီးရှိပါတယ်။ သဘောတူတူမတူတူ စိတ်အေးလက်အေး ခံယူတတ်သူ လမ်းဖွင့်ပေးသူ အာရုံစိုက်နားထောင်ပေးသူတွေမိဘတွေဟာ ကလေးတွေရဲ့ ချစ်ခြင်းမေတ္တာကို ပိုရလေ့ရှိပါတယ်။
မျက်နှာလေးညိုမှိုင်းနေတဲ့ ကလေးငယ်လေးဟာ အသစ်စက်စက် စက်ဘီးလေးကို ဝမ်းပန်းတနည်း စိုက်ကြည့်နေတယ်။ သူ့မျက်နှာကပြိုတော့မယ့်မိုးလိုပဲ...
သူ့ဖေဖေက အလုပ်သွားဖို့ အလောတကြီးပြင်ဆင်နေတယ်။ သူလေးဟာ အရဲစွန့်ပီး အနားကပ်လာရင်း..

" ဖေဖေ.. စက်ဘီးလေးကလေ... "
သူစကားဆုံးအောင်မပြောလိုက်ရပါဘူး။ သူ့အဖေက သူ့ ကို မပီးကားထဲထည့်လိုက်ပါတယ်။ အိမ်ထဲက မိန်းမကို ဆူပါတယ်။ ခဏနေတော့ တဗြစ်တောက်တောက်ရေရွတ်ရင်း ကားကို အတင်းမောင်းထွက်ပါတယ်။ ထွန်းထွန်းဟာ ခြေနင်းကျိုးနေတဲ့ စက်ဘီးလေးကို မချိတင်ကဲလှမ်းကြည့်ပီး ဖေဖေ့ကို ပြောဖို့ကြိုးစားပါတယ်။ ကားလေးဟာ မြက်ခင်းပေါ်လဲနေတဲ့ စက်ဘီးလေးကို ဖြတ်ကျော်လာခဲ့ပြီး အိမ်ဝင်းထဲက ထွက်လာပါတယ်။ စိတ်ထဲမှာ တခုခု ခံနေပါတယ်။ သူဟာ သူပြောချင်ရာ ပဲသိတယ်။ သူ့အဖေနဲ့ အမေကွဲတော့မှာလည်း ဂရုမစိုက် သူ့အဖေအလုပ်ပြုတ်ခါနီး အခြေအနေကိုလည်း မသိပါ။ ခြေနင်းကျိုးနေတဲ့ စက်ဘီးလေးသာ သူ့ခေါင်းထဲရှိတာမို့ နားလညိရခက်စွာနဲ့ ခေါင်းကို အတင်းကုတ်ပီး အော်ငိုပါတော့တယ်။
နားကပ်လေး တရမ်းရမ်းနဲ့ ချစ်စရာမိန်းကလေးဟာ သူမရဲ့ အစီအစဉ်တွေကို မိခင်ကို အားရပါးရ ပြောပြနေပါတယ်။ ခဏနေတော့ မိခင်က မီးဖိုချောင်ထဲကို ထထွက်သွားပါတယ်။ အဲလိုကြုံတာ တခါမကတော့ပါဘူး။ ငယ်ရွယ်စဉ်မှာသူမဟာ မိခင်ကို ဘာမဆိုပြောပြဖို့ ကြိုးစားပါတယိ။ မိခင်ဟာ သူမရဲ့အားကိုးရာ ရင်ဖွင့်ရာစင်စစ်ပါ။ ဒါပေမယ့် သူမပြောသမျှတွေကို ကောင်းကောင်း စိတ်ရှည်လက်ရှည်နားမထောင်ခဲ့တဲ့ အပြင် အပြစ်တင်တာ ဆူဆဲတာ အော်လွှတ်တာတွေကို ခဏခဏကြုံအပြီး သူမဟာ စိတ်ခံစားမှုတွေကိုမြိုသိပ်ပီး လျှို့ဝှက်တတ်တဲ့ မိန်းကလေးအဖြစ်ကြီးပြင်းလာပါတယ်။ ဆုံးဖြတ်ချက်တွေကို သူမဘာသာချပါတယ်။ သူမဘာလုပ်မယ်ဆိုတာ မှန်သမျှ မိဘက ဘာမှ မသိရတော့ပါဘူး။

ကလေးတွေကို ပြောခွင့်ပေးပါ.. သူတို့ လျှောက်သာအောင်လမ်းဖွင့်ပေးပါ…. လျစ်လျှူရှုခံရတဲ့ ခံစားချက်ဟာ ကလေးတွေကို သိမ်ငယ်ဝမ်းနည်းစေပြီး စိတ်မလုံခြုံမှုတွေ အပြည့်နဲ့ ကြီးပြင်းလာစေပါတယ်။ ကလေးတွေ ပြောသမျှ အာရုံစိုက်ပေး အလေးထားပေးခြင်းဖြင့် သူတို့လေးတွေကို ဉာဏ်ရည်ထက်မြက် ပျော်ရွှင်လာအောင် ကြိုးစားပေးကြရအောင်ပါ။

  • nutri knack
လမစေ့ဘဲမွေးဖွားလာသော ကလေးများကို ပြုစုစောက်ရှောက်ခြင်း

လမစေ့ဘဲမွေးဖွားလာသော ကလေးများကို ပြုစုစောက်ရှောက်ခြင်း 0

ကိုယ်ဝန် ၃၇ ပတ်မတိုင်မီ မွေးဖွားတဲ့ကလေးတွေကို လမစေ့ဘူးလို့ ခေါ်ပါတယ်။ ဒီလိုလမစေ့ဘဲ မွေးလာတဲ့ကလေးတွေမှာ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်နိုင်ချေများပါတယ်။ ကလေးစောပြီး မွေးလေ အန္တရာယ်ဖြစ်နိုင်ချေ များလေပါပဲ။ ဒီလိုလမစေ့ဘဲ မွေးတဲ့ကလေးတွေမှာဖြစ်တဲ့ ဘယ်လို နောက်ဆက်တွဲ ဆိုးကျိုးမျိုးကိုမဆို မွေးကင်းစကလေး အထူးပြုစုစောင့်ရှောက်တဲ့အခန်းမှာထားပြီး ကုသမှုခံယူရပါမယ်။

>> လမစေ့ဘဲမွေးတဲ့ မွေးကင်းစကလေးငယ်တွေက ဘာကြောင့်အထူးပြုစုစောင့်ရှောက်မှုခံယူဖို့လိုသလဲ?

လမစေ့ဘဲ မွေးဖွားလာတဲ့ ကလေးငယ်တွေက လောကကြီးမှာ အသက်ရှင်နေထိုင်ဖို့အတွက် လက်နက်ကိရိယာ အလုံအလောက် တပ်ဆင်ထားခြင်း မရှိသေးပါဘူး။ အဆုတ်၊ အစာခြေစနစ်၊ ခုခံအားစနစ်နဲ့ အရေပြားအပါအဝင် သူတို့ရဲ့ ခန္ဓာကိုယ်သေးသေးလေးမှာ ကောင်းကောင်းမဖွံ့ဖြိုးသေးတဲ့ အစိတ်အပိုင်းတွေ ရှိနေပါသေးတယ်။ ကံကောင်းစွာပဲ ယနေ့ခေတ် ဆေးပညာတွေက ဒီကလေးလေးတွေက သူ့ဟာသူ ကောင်းကောင်းရှင်သန်နိုင်တဲ့အထိ ကလေးရဲ့ မွေးကင်းစနေ့ရက်တွေ၊ ရက်သတ္တပတ်တွေ၊ လတွေမှာ အသက်ရှင်နိုင်ဖို့ ဆေးပညာနဲ့ အထောက်အကူ ပေးထားနိုင်ပါတယ်။
>>မွေးကင်းစကလေး အထူးပြုစုစောင့်ရှောက်ရေးဌာန

ဒါက မွေးကင်းစကလေးတွေကို သေချာအကာအကွယ်ပေးတဲ့နေရာဖြစ်ပြီး ကန့်သတ်ထားတဲ့အချိန်အထိ သူတို့လေးတွေရဲ့အိမ်ပဲ ဖြစ်ပါတယ်။ ဒီထဲမှာဆိုရင် သေချာသင်ကြားထားတဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ စောင့်ကြည့်တဲ့စနစ်တွေ၊ အသက်ရှူနဲ့ အသက်ပြန်လည်နှိုးဆွပေးတဲ့ ကိရိယာတွေနဲ့ ကလေးအထူးကုဆရာဝန်တွေ ရှိပါတယ်။ ဒီထဲက ရှုပ်ထွေးလှတဲ့ ကိရိယာတွေကြည့်ရတာ စိတ်ရှုပ်စရာဆိုပေမယ့် သူတို့ရဲ့အလုပ်လုပ်ပုံတွေကို သိထားရင် စိတ်သက်သာရာ ရနိုင်ပါတယ်။
>> စောင့်ကြည့်ပြီး သတိပေးသောစနစ်

စောင့်ကြည့်တဲ့စက်တွေက ဆေးရုံတစ်ခုနဲ့တစ်ခု မတူပေမယ့်လည်း သူတို့က နှလုံးခုန်နှုန်း၊ အသက်ရှူနှုန်း၊ သွေးပေါင်ချိန်နဲ့ အပူချိန်တွေကို စောင့်ကြည့်ပါတယ်။ သွေးတွင်းက အောက်ဆီဂျင်ပမာဏကို တိုင်းတာဖို့အတွက် pulse oximeter ကို သုံးနိုင်ပါတယ်။
ကလေးရဲ့ ရင်ဘတ်၊ လက်၊ ခြေထောက်နဲ့ အခြားအစိတ်အပိုင်းတွေမှာ ကပ်ခွာတွေ တပ်ထားတာကို တွေ့နိုင်ပါတယ်။ ဒါတွေက စောင့်ကြည့်စက်နဲ့ ဆက်သွယ်ပေးထားတဲ့အရာတွေဖြစ်ပါတယ်။ ဒီဌာနမှာ သတိပေးသံမြည်တိုင်းလည်း စိုးရိမ်စရာအခြေအနေ မဟုတ်ပါဘူး။ ဒါက ပုံမှန်ဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။
>> အသက်ရှူ အထောက်အကူပစ္စည်းများ

ကလေး တစ်ယောက်နဲ့တစ်ယောက်အပေါ် မူတည်ပြီး အသုံးပြုရတဲ့ အသက်ရှူ အထောက်အကူပစ္စည်းတွေလည်း မတူကြပါဘူး။
အသက်ရှူပိုက် - ကလေးရဲ့ လေပြွန်ထဲကို ပိုက်ထည့်ပြီး နွေးးထွေးစိုစွတ်တဲ့လေနဲ့ အောက်ဆီဂျင်တွေကို ပေးပါတယ်။
အသက်ရှူစက် - အသက်ရှူပိုက်နဲ့ စက်ကို ဆက်သွယ်ပြီးတော့ ကလေးရဲ့အောက်ဆီဂျင်ပမာဏ၊ လေထုဖိအားနဲ့ အသက်ရှူနှုန်းတွေကို စောင့်ကြည့်နိုင်ပါတယ်။
C-PAP - သူ့ဘာသာသူ အသက်ရှူနိုင်ပေမယ့်လည်း လေတွေ အဆုတ်ထဲ ရောက်ဖို့အတွက် အကူအညီလိုသေးတဲ့ မွေးကင်းစကလေးတွေအတွက် သုံးပါတယ်။
Oxygen hood - ဒါက ကလေးရဲ့ခေါင်းပေါ်မှာ အုပ်ထားပြီး ကလေးကို အောက်ဆီဂျင် မှုတ်ထုတ်ပေးတဲ့ပြွန်နဲ့ ဆက်သွယ်ပေးထားတဲ့ ပလတ်စတစ်သေတ္တာတစ်ခု ဖြစ်ပါတယ်။

>> မွေးကင်းစကလေးငယ်များကို အစာအာဟာရပေးခြင်း

ကလေးတစ်ဦးချင်းစီရဲ့ အခြေအနေအပေါ် မူတည်ပြီး အာဟာရပေးတဲ့ နည်းလမ်းအမျိုးမျိုး ရှိပါတယ်။
သွေးကြောထဲသွင်းခြင်း - ကလေးရဲ့ သွေးစီးကြောင်းထဲကို အာဟာရဓာတ်တွေ တိုက်ရိုက်ထည့်ပေးလိုက်ပါတယ်။ အစာချေစနစ် ကောင်းကောင်းမဖွံ့ဖြိုးသေးတဲ့အတွက် ပုံမှန်အတိုင်း မစုပ်နိုင်၊ မမျိုချနိုင်၊ အသက်မရှူနိုင်တဲ့ ကလေးတွေမှာ သုံးပါတယ်။ အခြားကျန်းမာရေးဆိုးကျိုးတွေကို ကုသရာမှာလည်း သုံးပါတယ်။ ကလေးရဲ့ ဦးရေပြား၊ လက်၊ ခြေထောက်က သွေးကြောတွေထဲကို ပိုက်ထည့်ထားနိုင်ပတယ်။
ချက်ပိုက် - ဒါကတော့ ကလေးရဲ့ချက်တိုင်က သွေးကြောထဲကို ခွဲစိတ်ပြီး ပြွန်တစ်ခုထည့်ထားခြင်း ဖြစ်ပါတယ်။ ဒီနည်းလမ်းမှာတော့ ရောဂါပိုး ဝင်ခြင်း၊ သွေးခဲခြင်းစတဲ့ ဆိုးကျိုးတွေဖြစ်နိုင်ချေ ရှိပါတယ်။ ဒါကြောင့် ဒီနည်းကို တကယ်ကို လိုအပ်တဲ့အခြေအနေနဲ့ ကလေးကို ရက်သတ္တပတ်ပေါင်းများစွာ ဒီနည်းလမ်းနဲ့ အာဟာရပေးဖို့ လိုမှသာပဲ သုံးပါတယ်။ ဒီကလေးတွေအတွက်တော့ ဒီနည်းလမ်းက အာဟာရဓာတ်တွေ ရရှိစေဖို့အတွက် အကျိုးသက်ရောက်မှု အရှိဆုံးနဲ့ စိတ်အချရဆုံးပါပဲ။
ပါးစပ်နှင့် နှာခေါင်းပိုက်များမှ အစာကျွေးခြင်း - ကလေးရဲ့နှာခေါင်း (သို့) ပါးစပ်ထဲကို ကွေးညွတ်လို့ရတဲ့ ပြွန်သေးသေးလေးထည့်ပြီး အစာကျွေးခြင်း ဖြစ်ပါတယ်။ ဒါက နို့ရည်ကို အစာချေဖို့ အဆင်သင့် ဖြစ်နေပေမယ့်လည်း ကိုယ်တိုင် မစုပ်နိုင်သေး၊ မျိုမချနိုင်သေး၊ အသက်မရှူနိုင်သေးတဲ့ ကလေးတွေအတွက် သုံးပါတယ်။
ဗဟိုပိုက်လိုင်း - ဒါကတော့ ပိုပြီးကြီးတဲ့ သွေးးပြန်ကြောထဲကို ပိုက်ထည့်တဲ့နည်းလမ်း ဖြစ်ပါတယ်။ ဒါက သွေးပြန်ကြော သေးသေးလေးတွေကို ထိခိုက်မှုဖြစ်စေနိုင်တဲ့ အာဟာရတွေ၊ ဆေးတွေပေးဖို့ လိုရင် သုံးပါတယ်။

အခြားကိရိယာများ

-Incubator - ဒါကတော့ ကလေးတွေကို အနွေးဓာတ်ပေးပြီး ပိုးမွှားနဲ့ ဆူညံမှုတွေကနေ ကာကွယ်ပေးတဲ့ ပလတ်စတစ်အကြည်နဲ့ လုပ်ထားတဲ့ ကလေးထည့်တဲ့ကိရိယာ ဖြစ်ပါတယ်။

-Bili lights - ကလေး အသားဝါတာကို ကုသဖို့အတွက် ကလေးရဲ့ incubator မှာ တပ်ထားတဲ့ မီးချောင်း ဖြစ်ပါတယ်။

>>သားပိုက်ကောင်ကဲ့သို့ ပြုစုစောင့်ရှောက်ခြင်း

ဒါကတော့ လမစေ့တဲ့ကလေးတွေကို မိခင်ရဲ့အဝတ်မပါတဲ့ ရင်ဘတ်ပေါ်မှာ တင်ထားပြီး ကလေးရဲ့ဝမ်းဗိုက်နဲ့ မိခင်ရဲ့ဝမ်းဗိုက်ကို ထိတွေ့စေကာ ကလေးကို မိခင်ရဲ့ နို့နှစ်လုံးကြားမှာ ထားစေခြင်း ဖြစ်ပါတယ်။ ကလေးရဲ့နားက မိခင်ရဲ့နှလုံးပေါ်မှာ ရှိစေဖို့အတွက် ကလေးကို ဘေးစောင်းလေး ထားပေးပါ။ လေ့လာမှုများစွာအရ ဒီနည်းလမ်းက အကျိုးသက်ရောက်မှု များတာကို တွေ့ရပါတယ်။

ဒီနည်းလမ်းက ကလေးတွေ အောက်ပါတို့အတွက် အထောက်အကူပြုပါတယ်။

ခန္ဓာကိုယ် အပူချိန် - လေ့လာမှုတွေအရ အမေတွေမှာ သူမရဲ့ကလေးနဲ့ အပူချိန်ဆက်သွယ်မှု ရှိပါတယ်။ ဆိုလိုတာကတော့ ကလေးက အေးနေတယ်ဆိုရင် ကလေးကို အနွေးဓာတ်ပေးဖို့အတွက် မိခင်မှာ အပူချိန် တက်လာပါတယ်။ အပြန်အလှန်ပါပဲ။
မိခင် နို့တိုက်ခြင်း - သားပိုက်ကောင်ပုံစံက မိခင်နို့ကို ကလေး အလွယ်တကူ ထိတွေ့စေပြီး အသားချင်း ထိတွေ့မှုက နို့ပိုထွက်စေပါတယ်။
ကိုယ်အလေးချိန် တက်စေခြင်း - သားပိုက်ကောင်ပုံစံက ကလေးကို ပိုပြီးနှစ်ခြိုက်စွာ အိပ်ပျော်စေကာ ခန္ဓာကိုယ် လုပ်ငန်းစဉ်တွေအတွက် လိုအပ်တဲ့ စွမ်းအင်တွေကို ပိုမိုရရှိစေပါတယ်။ ကိုယ်အလေးချိန် တက်လာတာက ဆေးရုံမှာနေရတဲ့အချိန်ကို တိုစေပါတယ်။
မိခင်နဲ့ကလေးအကြား ဆက်သွယ်မှု ပိုမိုအားကောင်းစေပါတယ်။

>>မိခင်နို့ တိုက်ကျွေးခြင်း

မိခင်နို့ တိုက်ကျွေးခြင်းက ကလေးရဲ့ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပြီး မိခင်နဲ့ကလေးကြား စိတ်ပိုင်းဆိုင်ရာ ဆက်သွယ်မှုကို အားကောင်းစေတယ် ဆိုတာကို ကျွနု်ပ်တို့အားလုံး သိရှိကြပါတယ်။ ဒါပေမဲ့လည်း လမစေ့ဘဲ မွေးလာတဲ့ မွေးကင်းစကလေးငယ်တွေကို မိခင်နို့တိုက်ဖို့ ခွင့်မပြုပါဘူး။

ကိုယ်ဝန် ၂၅-၂၉ ပတ်ကြားမှာ မွေးလာတဲ့ လမစေ့တဲ့မွေးကင်းစကလေး အများစုကို သွေးကြောထဲကနေပြီး အစာပေးပါတယ်။

ဒါကြောင့် မိခင်နို့ တိုက်ကျွေးတာနဲ့ ပတ်သက်ပြီး ဆရာဝန်၊ ဆရာမတွေနဲ့ သေချာမေးမြန်း ဆွေးနွေးပါ။ ကလေးကို မတိုက်ရသေးဘူးဆိုရင် နို့ရည်တွေကို ညှစ်ထုတ်ပြီး သေချာသိမ်းဆည်းထားကာ ကလေးကို တိုက်လို့ရတဲ့အချိန်ကျမှ ပြန်တိုက်နိုင်ပါတယ်။ ကလေးရဲ့ အစာချေစနစ်နဲ့ ဓာတ်ပစ္စည်းတွေ ထိန်းချုပ်နိုင်မှုအပေါ် မူတည်ပြီး ကလေးက မိခင်နို့ကို အစာချေနိုင်ပြီလား (သို့) သိမ်းထားတဲ့ နို့ရည်တွေကို ဘယ်အချိန်မှ တိုက်နိုင်မလဲဆိုတာကို ဆရာဝန်က ပြောပါလိမ့်မယ်။

ကလေးရဲ့ အသက်ရှူစနစ် ကောင်းကောင်းတည်ငြိမ်သွားပြီဆိုတာနဲ့ မိခင်နို့ စတိုက်နိုင်ပါပြီ။ ၃၅-၃၇ ပတ်ကြား မွေးဖွားတဲ့ကလေးငယ်တွေကိုတော့ မိခင်နို့ တန်းတိုက်လို့ ရပါတယ်။

>> မွေးကင်းစကလေး အထူးပြုစုစောင့်ရှောက်တဲ့ဌာနမှာ ကိုယ်က ဘယ်နေရာက ပါဝင်နိုင်သလဲ?

ကလေးအမေနဲ့အဖေ နှစ်ယောက်လုံး ကလေးနဲ့ ဆက်သွယ်မှုရှိဖို့အတွက် ဝန်ထမ်းတွေက အားပေးပါလိမ့်မယ်။ မိဘတွေကို အကြံပေးချင်တဲ့ အချက်တွေကတော့ -

ကလေးကို တတ်နိုင်သမျှ များများထိတွေ့ပါ။ ငြင်သာစွာ ထိတွေ့ပါ။
ကလေးကို စကားပြောပေးပါ။ ကလေးက ကိုယ့်ရဲ့အသံကို မှတ်မိနေပြီး အသံကြားရင် စိတ်သက်သာရာ ရစေပါတယ်။ ကလေးကို စကားပြောပေးတာအပြင် စာဖတ်ပြတာ၊ သီချင်းဆိုပြတာတွေလည်း လုပ်နိုင်ပါတယ်။
ကလေးရဲ့သေးခံဝတ်ကို လဲလှယ်ပေးပါ။
ကလေးကို ပထမဆုံး ရေချိုးပေးတဲ့နေရာမှာ ပါဝင်ပါ။ ကလေးရဲ့ တိုးတက်မှုအပေါ် မူတည်ပြီး အဝတ်စ (သို့) ရေမြှုပ်နဲ့ ချိုးပေးရမလား ဆိုတာကို ရွေးချယ်ပါ။
ကလေးရဲ့ ကိုယ်အပူချိန် တိုင်းတာပါ။

    • nutri knack
    မူကြိုအရွယ်ကလေးတွေ ကျန်းမာစေဖို့အတွက် အစားအစာလမ်းညွန်ချက်များ

    မူကြိုအရွယ်ကလေးတွေ ကျန်းမာစေဖို့အတွက် အစားအစာလမ်းညွန်ချက်များ 0

    ကိုယ့်ရဲ့ကလေးကို ဘာတွေကျွေးသင့်သလဲ၊ ဘယ်လောက်ကျွေးသင့်သလဲဆိုတာနဲ့ ပတ်သက်ပြီး စိတ်စနှောင့်စနင်းဖြစ်နေတဲ့ မေမေတို့အတွက် မူကြိုအရွယ်ကလေးတွေကို ကျွေးသင့်တဲ့ အစားအစာလမ်းညွှန်လေးကို ဖတ်ကြည့်သင့်ပါတယ်။
    ကလေးက ကြီးထွားလာတာနဲ့အမ ျှ သူ့ရဲ့နေ့စဉ်လှုပ်ရှားမှုတွေသာမက အစားအစာစားတဲ့ပုံစံတွေပါ ပြောင်းလဲလာတာကို တွေ့ရပါမယ်။
    ကြီးထွားမှုကို အထောက်အပံ့ဖြစ်စေမယ့်၊ နေ့စဉ်လှုပ်ရှားမှုတွေများလာတဲ့အခါမှာ စွမ်းအင်တွေရရှိစေဖို့အတွက် သင့်တော်တဲ့ အာဟာရကို
    လိုအပ်ပါတယ်။

    >> မူကြိုအရွယ်ကလေးငယ်ကို ဘာတွေကျွေးသင့်သလဲ?
    ကလေးက အစားအစာမျိုးစုံကိုစားနိုင်တဲ့အရွယ်ရောက်လာပြီးဖြစ်တဲ့အတွက် ကလေးကြိုက်စေဖို့အရေးကြီးပါတယ်။ ဒီအရွယ်ကလေးတွေက အရသာ၊ အရောင်နဲ့ အထိအတွေ့အမျိုးမျိုးကို ခံစားတတ်နေပြီဖြစ်တဲ့အတွက် ကလေးကြိုက်စေမယ့် အစားအစာမျိုးစုံကို သေချာလုပ်ပြီးကျွေးပါ။
    >> မူကြိုအရွယ်မှာ ဘယ်လောက်များများကျွေးဖို့လိုသလဲ?
    ကလေးစားနိုင်သလောက် စားပါစေ။ ဘယ်လိုအာဟာရပြည့်ဝတဲ့အစားအစာတွေကျွေးရမလဲဆိုတာကိုသာစဉ်းစားပါ။ တစ်နေ့နဲ့ တစ်နေ့၊ အစားအစာတစ်ခုနဲ့တစ်ခုအပေါ်မှာ ကလေးရဲ့အစားစာချင်စိတ်က မတူ
    နိုင်ပါဘူး။ ဒါကြောင့် ကလေးပန်းကန်ထဲမှာထည့်ထားတဲ့အစားအစာအားလုံးကိုကုန်အောင်စားဖို့ တွန်းအားမပေးပါနဲ့။ ဒီလိုလုပ်ခြင်းက
    ကလေးအစာစားချင်စိတ်ပျက်သွားစေနိုင်ပါတယ်။
    အစားအစာတွေကို အုပ်စု(၅) စုခွဲခြားထားပါတယ်။ ကလေးကို ဒီအုပ်စု (၅) မျိုးစလုံးကနေ တစ်မျိုးစီပါဝင်အောင်ကျွေးပါ။

    1. အစေ့အဆန်အုပ်စု
    အနည်းဆုံးအစေ့အဆန် ၆ မျိုးလောက်ကျွေးသင့်ပါတယ်။
    ဥပမာ- ပေါင်မုန့် တစ်ချပ်၊ ခရက်ကာ ၄-၅ ချပ်၊ ထမင်း/ပါစတာ နို့ဆီဘူးတစ်ဝက်၊ ချာပါတီ ၂ ခု ကျွေးပါ။
    2. သစ်သီးနှင့် ဟင်းသီးဟင်းရွက်အုပ်စု
    တစ်နေ့ကို အနည်းဆုံး ၅ ခွက် - ဥပမာ သစ်သီး (သို့) ဟင်းသီးဟင်းရွက်သေးသေး တစ်ဝက်-တစ်လုံး၊ ဖျော်ရည် (သို့) စွပ်ပြုတ် ခွက်တစ်ဝက်၊ အရွက်စိမ်း (သို့) အရွက်ပြုတ်သုပ် ခွက်တစ်ဝက် ကျွေးသင့်ပါတယ်။
    3. နို့နှင့် နို့ထွက်ပစ္စည်းများ
    တစ်နေ့ကို အနည်းဆုံး ၃ ခု( နို့နဲ့ နို့ထွက်ပစ္စည်း ၂- ၂ ခွက်ခွဲလောက်တိုက်သင့်ပါတယ်။) နို့၊ ဒိန်ချဉ်၊ ဒိန်ခဲစတာတွေကျွေးနိုင်ပါတယ်။ ကလေးကိုလုံလောက်စွာကျွေးပါ ဒါပေမယ့် အလွန်အကျွံမဖြစ်ပါစေနဲ့။
    4. အသားအုပ်စု
    တစ်နေ့ကို အနည်းဆုံး ကြက်ဥ တစ်လုံး၊ ပဲအမျိုးမျိုး ခွက်တစ်ဝက်၊ အဆီမပါတဲ့အသား (ကြက်သား၊ ငါး) စားပွဲတင်ဇွန်း ၁-၃ ဇွန်းကျွေးသင့်ပါတယ်။
    5. အဆီအုပ်စု
    တစ်နေ့ကို ထောပတ် (သို့) အဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်းပါဝင်ေ
    အာင် ကျွေးသင့်ပါတယ်။
    >> မူကြိုအရွယ်ကလေးတွေကို ဘာတွေမကျွေးသင့်ဘူးလဲ
    ကလေးက အစားအစာအချို့နဲ့ဓာတ်မတည့်ဘူးဆိုရင် ဒီအစားအစာတွေမကျွေးပါနဲ့။ ဓာတ်မတည့်မှုအဖြစ်များတဲ့ အစားအစာတွေကတော့ နို့၊ ဥ၊ အကြေးခွံပါသောငါးများ၊ ဂျုံ၊ အခွံမာသီးများ စသည်တို့ဖြစ်ကြပါတယ်။ သေချာစေဖို့ ဆရာဝန်နဲ့ တိုင်ပင်ပါ။ နောက်တစ်ချက်ကတော့ အစာနင်စေတဲ့ ချောပြီး စေးကပ်တဲ့အစားအစာတွေ ဥပမာ- အသားတုန်းကြီးကြီး၊ သကြားလုံး၊ စပျစ်သီးတစ်လုံးလုံး၊ မြေပဲထောပတ် စတာတွေမကျွေးပါနဲ့။ ဒါ့အပြင် အစေ့အဆန်များ၊ မုန်လာဥအစိမ်း၊ စပျစ်သီးခြောက်စတာတွေကိုလည်း သတိထားပြီးကျွေးပါ။ အစာမနင်စေဖို့အတွက် အမြဲအတုံးသေးသေးလေးတွေ တုံးကျွေးပါ။
    >> ဘာသွားရည်စာတွေ ကျွေးမလဲ
    • အစေ့အဆန်အုပ်စု - ခရက်ကာ၊ ကောက်ပဲသီးနှံခြောက်၊ ပြောင်းဖူးပေါက်ပေါက်၊ ပေါင်မုန့်ကင်
    • ဟင်းသီးဟင်းရွက်အုပ်စု - သခွားသီး၊ မုန်လာဥ အစိမ်းများ (အတုံးသေးလေးတွေတုံးပြီးကျွေးပါ။)
    • သစ်သီးများ - ငှက်ပျောသီး၊ ပန်းသီး၊ သစ်တော်သီးကဲ့သို့သော လတ်ဆတ်သောသစ်သီးများနှင့် သစ်သီးခြောက်များ
    • နို့နှင့် နို့ထွက်ပစ္စည်းများ - ဒိန်ခဲ၊ ဒိန်ချဉ်
    • အသားဓာတ်အုပ်စု - ထောပတ်၊ အခွံမာသီးနှင့် အစေ့အဆန်များ၊ ကြက်ဥ မကျက်တကျက်ပြုတ်၊ ကြက်ဆင်၊ ကြက်၊ တူနာအသုပ်များ။
    • Kaung Chit Soe
    မျက်စိစမ်းသပ်ဖို့ လိုနေတဲ့ သားသားမီးမီးတွေ

    မျက်စိစမ်းသပ်ဖို့ လိုနေတဲ့ သားသားမီးမီးတွေ 0

    မျက်လုံးအမြင်အားကောင်းပြီး ကျန်းမာတဲ့ကလေးတွေရှိသလို မျက်စိမကောင်းလို့ စာသင်ရတာ အခက်အခဲဖြစ်နေတတ်တဲ့ ကလေးလေးတွေလဲ ရှိပါတယ်။ ဒီတော့ ကလေးတွေမှာ ဘယ်လိုလက္ခဏာတွေပြရင် မျက်စိဆေးခန်းခေါ်သွားဖို့လိုနေပြီလဲဆိုတာ ကြည့်လိုက်ရအောင်။
    မျက်ခွံတွဲကျတာတွေရှိရင်

    • မျက်လုံးအိမ်ထဲက အဆံကဖြူနေရင်

    • အလွန်အကျွံမျက်ရည်ကျရင်

    • အလင်းစူးတာကို မခံနိုင်ဘဲ ခဏခဏ လွှဲဖယ်ပြီး မျက်တောင်ခတ်နေရင်

    • မျက်လုံးတဖက်တည်းရဲနေရင်

    • မျက်လုံးတဖက်တည်းက ရောင်ပြီး မျက်ဝတ်တွေထွက်ရင်

    • မျက်လုံးကိုမကြာခဏပွတ်သတ်ရင်

    • တီဗီကြည့်တဲ့အခါ ကပ်ကြည့်ရင်

    • ဘာကိုပဲကြည့်ကြည့် အတင်းဆွဲကပ်ပြီး ကြည့်နေပြီဆိုရင်

    • အဝေးကိုကြည့်နေချိန်မှာ မျက်စိစွေသွားရင်

    • ခေါင်းကိုစောင်းပြီး ငုံ့ပြီး တခုခုကိုကြည့်တိုင်း စိတ်ပူ နေသလိုအမူအရာပြရင်

    • မျက်လုံးတဖက်ပိတ် တဖက်ဖွင့်ပြီး ကြည့်ရင်
    ဒါ့အပြင် ကျောင်းမှာ စာသင်တဲ့အခါ ပြသနာရှိမရှိ ဆရာမနဲ့ ဆွေးနွေးကြည့်ပါ။

    အတန်းတူတွေနဲ့ ဆက်ဆံရေး၊ သူ့ရဲ့ လုပ်ဆောင်မှု မှတ်တမ်း အမှတ်စာရင်းတွေကို ကြည့်ပါ။ အမြင်အာရုံမကောင်းလို့ စာမလိုက်နိုင်တဲ့အခါ ကလေးတွေ စိတ်ဖိစီးလာတတ်ကြပါတယ်။ ပြေးလွှားဆော့ရဲ့လား ငိုင်ပြီးထိုင်နေတတ်တဲ့ ကလေးလားဆိုတာ စောင့်ကြည့်ပါ။ ကလေး စာလေ့လာတဲ့အခါ ကြာကြာထိုင်ပြီး အာရုံစူးစိုက်နိုင်မှုရှိ၊ မရှိ မေးကြည့်ပါ။

    မျက်ဝန်းအမြင်အားလျော့နည်းနေပြီး ပြဿနာတစ်ခုခုရှိနေလို့ ဒီလက္ခဏာတွေပြလာတာဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုလက္ခဏာတွေပြနေတဲ့ သားသား သို့မဟုတ် မီးမီးကို မျက်စိစင်တာတစ်ခုခုဆီအမြန်ဆုံးခေါ်သွားပေးဖို့ အကြံပြုလိုက်ပါတယ်နော်။
    • Kaung Chit Soe